Wednesday, June 6, 2012

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ

imagebam.com
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပါ။ ဥပဒေ ထွက်ပေါ်လာပေမဲ့နည်းဥပဒေမထွက်လာသေးပါဘူး ရေးဆွဲဆဲအဆင့်မှာပဲရှိသေးပါတယ်။ ဆန္ဒပြမှုတွေဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ တွေ့ရတတ်တဲ့အင်္ဂါရပ်တွေပါ။ ဥပဒေထွက်ပေါ်သော်လည်း နည်းဥပဒေမထွက်သေးဆိုတဲ့အကြောင်းပြချက်နဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တာ၊ စုဝေးတာ၊ စီတန်းလှည့်လည်တာစတာတွေကို ခွင့်မပြုဘူးဆိုရင် အခြေခံဥပဒေပါနိုင်ငံသားအခွင့်အရေးကို ကန့်သတ်ထားရာကျပါတယ်။ ဆန္ဒထုတ်ဖေါ်သူတွေအနေနဲ့ကလည်း အခွင့်အရေးဆိုတာရဲ့နောက်မှာ တာဝန်ယူမှုဆိုတာ ကပ်ပါလာကြောင်းသဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ .... ဆန္ဒထုတ်ဖေါ်တာဟာ မိမိအခွင့်အရေးဖြစ်ပေမဲ့ မိမိအခွင့်အရေးအတွက် ဆန္ဒထုတ်ဖေါ်ပွဲပြုလုပ်တဲ့ပုံစံဟာ အခြားသူတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိပါးပြီးတော့မှ လုပ်တဲ့ပုံစံမျိုးမလုပ်မိဖို့လိုပါတယ်။ (ဥပမာပြောရရင် ရုံးဆင်း၊ ရုံးတက် ကားလမ်းတွေ ကြပ်နေတဲ့အချိန်မျိုးမှာ ကားလမ်းပိတ်လောက်အောင် စုရုံးဆန္ဒထုတ်ဖေါ်တာမျိုးဟာ ကားနဲ့သွားလာနေရတဲ့သူတွေကို များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့ရဲ့ ရုံးအချိန်မှန်မှန်ရောက်ပိုင်ခွင့်၊ အိမ်အချိန်မှန်မှန်ပြန်နိုင်ခွင့်တွေကို ထိပါးရာကျပါတယ်။)
ဒီဥပဒေမှာ အရေးကြီးတဲ့အချက်တွေကတော့ ငြိမ်းချမ်းစွာစုဝေးမယ်၊ စီတန်းလှည့်လယ်မယ်ဆိုရင် မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ ခွင့်တောင်းရပါမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အုပ်ချုပ်ရေးမှူး (ယခင် မယကဥက္ကဌ) ရဲ့အတည်ပြုချက်နဲ့ ခွင့်ပြုမိန့်ထုတ်ပေးတာ ငြင်းတာလုပ်နိုင်တယ်။ ..... ပုဒ်မ ၅ အရနိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ်ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာပြဌာန်းထားတဲ့ ဥပဒေတွေများနှင့် မဆန့်ကျင်လျှင်ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းမပြုရလို့ပါတယ်။ ပုဒ်မ ၁၃ အရ  ငြိမ်းချမ်းစွာစုဝေးတဲ့ စီတန်းလှည့်လယ်တဲ့ သူတွေကို အခြားသူတွေက အနှောက်အယှက်မပြုရအောင် ဒုရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိကနေပြီးလုံခြုံရေးယူ စောင့်ရှောက်ရမယ်လို့ပါတယ်။ .............. ပင်ရင်းဥပဒေပြဌာန်းချက်ကိုတော့ အောက်ကလင့်မှာ ဒေါင်းလို့ရပါတယ်။.....


Download: http://www.mediafire.com/view/?7frp3k46mq85j3u

No comments:

Post a Comment

Note: Only a member of this blog may post a comment.