Showing posts with label ကျမ်းကျိန်လွှာ. Show all posts
Showing posts with label ကျမ်းကျိန်လွှာ. Show all posts

Saturday, May 19, 2012

ဗုဒ္ဓဘာသာဝင်နိုင်ငံခြားသားများ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် တရားရုံးများတွင် လက်ထပ်နိုင်ပြီ

     ပြည်ထောင်စုတရာလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ (၉-၅-၂၀၁၂) ရက်နေ့မှာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၀) ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒိညွှန်ကြားချက်အရ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးနဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ လက်ထပ်စာချုပ်ကျမ်းကျိန်လက်မှတ်ရေးထိုးတဲ့ကိစ္စကို မြန်မာနိုင်ငံက တရားရုံးတွေက ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါတယ်။ ..........
     ဟိုအရင်ကဆိုရင် နိုင်ငံခြားသားနဲ့ မြန်မာအမျိုးသမီးပေါင်းလက်ထပ်တဲ့ လက်ထပ်စာချုပ်တွေကို တရားရုံးတွေက ပြုလုပ်ပေးပိုင်ခွင့်မရှိခဲ့ပါဘူး။ (၁-၇-၁၉၉၈) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၁၉၉၈) ကို တရားရုံးချုပ်ကထုတ်ပြန်ပြီးတော့ မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးအား နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ရေးတင်ပြလာပါက မည်သည့်တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဆိုပြီး ညွှန်ကြားခဲပါတယ်။ အခုတော့ ညွှန်ကြားချက် (၂/၁၉၉၈) ကိုပယ်ဖျက်လိုက်ပါပြီ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးနဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ တရားရုံးမှာသွားပြီး လက်ထပ်လို့ရသွားပါပြီ။
  တရားရုံးများက မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို ထိမ်းမြားလက်ထပ်ရန် ကျမ်းကျိန်လွှာပြုလုပ်ပေးခြင်းမရှိသဖြင့် အမှတ်တကယ်ထိမ်းမြားလက်ထပ်လိုသူ နိုင်ငံခြားသားနှင့်မြန်မာ အမျိုးသမီးတို့အတွက် အခက်အခဲများဖြစ်ပေါ်ရကြောင်း။ မြန်မာအမျိုးသမီးများ ရထိုက်သည့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ရကြောင်း တွေ့ရှိလသည်။ သို့ဖြစ်၍ နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်လိုသူ မြန်မာအမျိုးသမီးတို့ နစ်နာဆုံးရှုံးမှု မဖြစ်စေရန်အတွက်"ဆိုပြီး တရားလွှတ်တော်ချုပ်က ဆိုပါတယ်။
    လက်ထပ်မဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ -
(၁) ဗုဒ္ဓဘာသာဝင်တွေဖြစ်ရပါမယ်
(၂) လက်ထပ်တာကို ခရိုင်တရားသူကြီးကသာပြုလုပ်ပေးနိုင်ပါတယ်။ (ဆိုလိုတာ ခရိုင်တရားသူကြီးရှေ့မှာသာ နိုင်ငံခြားသားဗုဒ္ဓဘာသာဝင်အမျိုးသားနဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့ လက်ထပ်လို့ရပါတယ်။)