အကြောင်းကြောင်းကြောင့် တရားရုံးရောက်သွားရင် သတိထားရမဲ့ ကျောက်စရာအကောင်းဆုံးလူတစ်မျိုးရှိပါတယ်။ အမှုပွဲစားပါ။ အမှုပွဲစားဆိုတာ အိမ်ပွဲစား၊ ကားပွဲစားတွေလိုမျိုး ကျွန်တော်အမှုပွဲစားပါဆိုပြီးပေါ်ပေါ်တင်တင် ကြော်ငြာနေတဲ့လူစားမျိုးမဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့အမှုပွဲစား ရယ်လို့လည်း ဘယ်တော့မှမပြောဘူး။ အမှုရင်ဆိုင်ရလို့ဒုက္ခရောက်နေတဲ့ သူတွေအပေါ်မှာ အကြောင်းအမျိုးမျိုးပြလို့ လိမ်လည်လှည့်ဖျားလုပ်စားနေသူတွေဖြစ်တဲ့အတွက် သူတို့ကိုအမှုပွဲစားလို့ခေါ်တာ ဖြစ်ပါတယ်။ သူတို့ကရပ်ကွက်ထဲမှာ ရုံးပြင်ကနား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရင်းနီးသူ၊ ပေါက်ပေါက်ရောက်ရောက်ရှိသူ စသည်ဖြင့် ရပ်ကွက်ထဲက လူတွေ အထင်ရောက်အောင်နေလေ့ရှိတယ်။ ဘယ်သူဘယ်ကိစ္စဖြစ်တုန်းက ငါဘယ်လူကြီးကို ဘယ်လိုလိုက်ပြောလိုက်တာ အဆင်ပြေသွားတယ်။ ဘယ်သူတရားစွဲခံရတုန်းက ငါလိုက်ပြောပေးလိုက်လို့ ထောင်မကျလိုက်ဘူး စသည်ဖြင့် လူထူထူရှိရင် ရှောက်ပြောနေတတ်တယ်။ အဲလိုအမှုပွဲစားတွေဟာ များသောအားဖြင့် အကျင့်စာရိတ္တကြောင့် လိုင်စင်ပြုတ်သွားတဲ့ရှေ့နေတွေ၊ ရဲထဲကနေပြုတ်လာတဲ့သူတွေ၊ ဟိုပါတီယောင်ယောင် ဒီပါတီယောင်ယောင် နေရာတကာပါလေရာလုပ်နေတဲ့သူတွေ များပါတယ်။
သူတို့တွေက အရပ်ထဲမှာ ရုံးပြင်ကနား အဆက်အစပ်ရှိလေတော့